ကံမ အောက်တိုဘာ ၂
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် မဲပေးရန်အခွင့်အရေးရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက် ၇ နာရီက စတင်၍ မဲဆန္ဒရှင်စာရင်းများကို ဒုတိယ အကြိမ် ကပ်ထားကြေညာ ပေးခဲ့ကြောင်း သိရသည်။
မှန်ကန်သောမဲစာရင်း ရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး မဲစာရင်း လာရောက်ကြည့်ရှုရန် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက ကြေညာထားပြီး အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၁၄) ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာသွားမည် ဖြစ်ကြောင်း ကံမမြို့နယ်အတွင်း မဲရုံပေါင်း ၉၇ ရုံရှိ၍မဲပေးပိုင်ခွင့်ရှိသူ ၆၀၀၃၈ ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)