ဟင်္သာတမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်ဝန်ထမ်းများအား မီးဘေး လုံခြုံရေးနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသင်တန်းပေး

ဟင်္သာတ ဧပြီ ၄

ဧရာဝတီတိုင်ဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး၊ အစည်းဝေးခန်းမတွင် စက်သုံးဆီအရောင်း ဆိုင်ဝန်ထမ်းများအား မီးဘေးလုံခြုံရေးနှင့် လက်တွေ့ မီးငြိမ်းသတ်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးနောင်က သင်တန်းဖွင့်မိန့်ခွန်းနှင့် သင်တန်းဖွင့်လှစ်ရ ခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အန္တရာယ်ကင်းစွာ မီးငြိမ်းသက်နိုင်ရေးတို့အတွက် စာတွေ့လက်တွေ့သင်ခန်းစာများ ပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးနောင်နှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်ဆိုင်များမှ သင်တန်းသား (၃၃) ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းအား ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ကိုဇော်

ဟင်္သာတ