ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာစျေးတွင်ဥပုဒ်နေ့ ဖြစ်သော်လည်း စျေးရောင်းစျေးဝယ်များဖြင့်စည်ကား

ဆင်ပေါင်ဝဲ ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် တန်ခူးလပြည့် ၄ ရက်နေ့ ဥပုဒ်နေ့ ဖြစ်သော်လည်း ဆင်ပေါင်ဝဲမြို့စည်ပင်သာယာမြို့မစျေးကြီး ပတ်ဝန်းကျင်တွင် စျေးရောင်း၊ စျေးဝယ်များဖြင့်စည်ကားလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင်  ဆင်ပေါင်ဝဲ စည်ပင်သာမြို့မစျေးကြီးတွင် ဥပုဒ်နေ့စျေးပိတ်ရက်ဖြစ်သော်လည်း အခက်အခဲမရှိစေရန် ရပ်ကွက်/ ကျေးရွာများမှ စျေးဝယ်သူများ တစ်နေ့တာသုံးပစ္စည်းများနှင့် အလှူဒါနပြုကြမည့် သူများက လိုအပ်သည့် ပစ္စည်းများကိုစျေးပိတ်ရက်တွင်လည်း စျေးအပြင်တန်းနှင့် ကုန်စိမ်းအရောင်းဆိုင်များ၊ အသား၊ ငါးဆိုင်များအား ဖွင့်လှစ်ထားရှိရာ စျေးရောင်း၊ စျေးဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများတွင် အလှူဒါနပြုကြသူများ၊ တရားဘာဝနာအားထုတ်ကြသူများဖြင့် လည်းစည်ကားလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)