တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေ စီမံခန့်ခွဲ့မှုအဖွဲ့ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ထားဝယ် ဧပြီ ၄

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမေန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လယ်ယာမြေနှင့်ပတ်သက်၍ ပြဿနာကြုံတွေ့ရနိုင်သောကြောင့် ဂရုတစိုက်လုပ်ကိုင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လယ်မြေများအား မြေဖို့၍  အသုံးပြုနေသည်ကို တွေ့မြင်နေရကြောင်း၊  သက်ဆိုင်ရာခရိုင်/မြို့နယ်များအနေဖြင့် မိမိနယ်မြေအတွင်း မပြုလုပ်နိုင်အောင် ဂရုတစိုက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုး ကြောင့်ဆောင်ရွက်ပေးရန် စီမံခန့်ခွဲ၍ မရသည်များရှိကြောင်း၊ အထင်အမြင်လွဲမှားမှုများ မဖြစ်ပွားအောင် ထိန်းသိမ်းကာ အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ လယ်ယာမြေသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုက်ရိုက်ထိပ်တိုက်တွေ့နေရသည့်အတွက် အခက်အခဲများရှိနေပြီး လေးနက်စွာ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းလင်းဦးက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက လိုအပ်သည့်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)