မြို့သန့်ရှင်းသာယာလှပရေးအတွက် နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စဉ်ဆက်မပြတ်ဆောင်ရွက်

နတ်မောက် ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့သည် နတ်မောက်မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်အတွင်း မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို အဖွဲ့ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် လမ်းဘေး ဝဲယာများတွင် အရိပ်ရအပင်များဖြင့် စိမ်းလန်းစိုပြည်စေရေးအတွက် မိမိရုံးတွင်းရှိ ပျိုးခြံထဲတွင် ပျိုးပင်များ ဖြည့်တင်းပျိုးထောင်းထားခြင်း၊ ပျော်ဘွယ်လမ်း၊ မကွေးလမ်း၊ တောင်တွင်းကြီး လမ်းရှိ မြို့အဝင် ဆိုင်းဘုတ်များ၊ တြိဂံလမ်းဆုံနှင့် လမ်းဘေးဝဲယာတစ်လျှောက်တွင် စိုက်ပျိုးထားသည့်  ပန်းအလှပင်များ၊ အရိပ်ရပင်များအား အဖွဲ့ပိုင်ရေသယ်ယာဉ်ဖြင့် ရေလောင်းခြင်း၊ ပေါင်းမြက် ရှင်းလင်း သုတ်သင်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများကို အဖွဲ့ဝန်ထမ်းများဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

မူမူစန်း