ဟုမ္မလင်း ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အသက် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှစတင်ကာ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ထိုးနှံဆောင်
ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံဆေးတိုက်ပေးခြင်းကို ဟုမ္မလင်းမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက် (၂)နစ်အောက်ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်ရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် စသည့် ကာကွယ်ဆေးကိုတိုက်ကျွေးထိုးနှံပေးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဧပြီလ(၃)ရက် နေ့မှ (၅)ရက်နေ့အထိထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိသည်။
ဟုမ္မလင်း (ပြန်/ဆက်)