ဝေါ အောက်တိုဘာ ၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကော်မတီ၏ ညှိနှိုင်းအစည်း အဝေးကို ဝေါမြို့နယ်ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်က အမှာစကားပြောကြား ပြီး ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ဝေါမြို့နယ်အတွင်း Mask Campaign ပြုလုပ် ဆောင်ရွက်ခြင်း၊ ဒဏ်ကြေးငွေ(၃၀၀၀) ကျပ်နှုန်းဖြင့် တိုးမြှင့်ကောက်ခံဆောင်ရွက်သွားရန် ညွှန်ကြား လာသဖြင့် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာသူများအနေဖြင့် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာစေရေး အသိပေးကြေငြာ ခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ကွက်များအတွင်း လှည့်လည်ကြေညာ ပေးပြီး ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်မှ ၁၁ နာရီအချိန်ထိ စုရပ်(၃)နေရာတွင် Mask Campaign ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ထားရှိပြီး ယနေ့နံနက်မှစတင်၍ နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း မရှိသူများအား ဒဏ်ကြေးငွေ ၃၀၀၀ ကျပ် ဒဏ်ရိုက်အရေးယူ သွားရန်၊ လက်ဘက်ရည်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်၊ ဝေါမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ ညမထွက်ရန်၊ မိမိတို့မြို့နယ်အတွင်းရှိ ဝန်ထမ်းများအနေဖြင့်လည်း စည်းကမ်းများ သိရှိလိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)