ကော့သောင်း ဧပြီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့ထိ ပြည်တော်အေးသာသနာ့ ဗိမာန်တော်တွင်ကျင်းပလျက်ရှိရာ ယမန်နေ့ကသတ္တမနေ့အဖြစ် ပထမကြီးတန်းများက ဘာသာပြန်ဘာသာ ကို ဖြေဆိုလျက်ရှိသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် နာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ပုစ္ဆက၊ ဝိသဇ္ဇန ဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်ကော့သောင်းမြို့နယ် စာသင်တိုက်အသီးသီးမှ စာဖြေသံဃာများဖြစ်ကြသည့် ပထမကြီးတန်း၇ပါးက နောက်ဆုံးဘာသာရပ်ဖြစ်သည့်ဘာသာပြန်ဘာသာကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
-----------------------------------