ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို မောင်မယ်များ၏ Internship Project ပြပွဲအခမ်းအနားပြုလုပ်

ဟင်္သာတ ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်များ၏ Internship Project ပြပွဲအခမ်းအနားကို ယနေ့နေ့လည် ၁၁ နာရီအချိန်က အဆိုပါကျောင်းရှိ ရွှေဝါထွန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ် များ၏ Internship Project ပြပွဲတွင် ဆုရရှိခဲ့ကြသော ပရောဂျက် ကြီးကြပ်သူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျောင်းသားကျောင်းသူများက ၄င်းတို့ ကိုယ်တိုင် ပြုလုပ်ဆောင်ရွက်ထားသော Project များကို လက်တွေ့ခင်းကျင်းသရုပ်ပြသရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိတ်သတ်များက လိုက်လံ လှည့်လည်လေ့လာကြည့်ရှုခဲ့ကြရာ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းမြတ်အောင်နှင့် Project တာဝန်ခံများက သိရှိလိုသည်များကို အသေးစိတ်ပြန်လည် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ