ကျောင်းကုန်း အောက်တိုဘာ ၂
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ စေတနာရှင်များက အလှူငွေ လှူဒါန်းမှုကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းတွင် ကျင်းပခဲ့သည်။
ရန်ကုန်မြို့နေ ဦးသတိုးဟိန်း+ဒေါ်စိုးမာလာ (မြန်မာ့ဩဘာလုပ်ငန်းစုကုမ္ပဏီ)မှ ငွေကျပ်(၃)သိန်း၊ ပိုးသတ်ဆေး(၂)ဗုံးနှင့် နှာခေါင်းစည်းများ၊ မင်းမဟော် စိုက်ပျိုးရေး ဆေးကုမ္ပဏီနှင့် ဦးနေဦး+ဒေါ်သစ်သစ် မိသားစုမှငွေကျပ်(၂)သိန်း၊ ဦးတင်မောင်+ဒေါ်ခင်မာနီ(သုခကြွယ်)မိသားစုမှ ငွေကျပ်(၁)သိန်း၊ ဗိုလ်မှူးကြီး ဝင့်သူ+ဒေါ်မြနန်းသီ မိသားစုမှ ငွေကျပ်(၁)သိန်း၊ ဗိုလ်ကြီးသီဟန်က ငွေကျပ်(၅)သောင်း၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း+ဒေါ်တင်တင်လှိုင် မိသားစုမှ ငွေကျပ်(၁)သိန်း၊ အုတ်တွင်းပရဟိတ လူငယ်အဖွဲ့မှ ငွေကျပ်(၁)သိန်း၊ ကိုအောင်မျိုးသက်+မသီရိမွန်(ပန်သစ် လျှပ်စစ်ပစ္စည်းဆိုင်)မှ ငွေကျပ်(၁)သိန်း စုစုပေါင်း(၁၀)သိန်းခွဲ လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဘဏ်စာအုပ်ထဲတွင် (၁၂၅)သိန်း ရှိပြီး၊ ယခု(၁၀)သိန်းခွဲနှင့်ဆိုလျှင် (၁၃၅)သိန်းကျော်ရှိကြောင်း ကော်မတီအဖွဲ့ဝင် ကိုမျိုးသူအောင် က ပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)