ရေဖြူ၌ (၁၈)ကြိမ်မြောက် သင်္ကြန်တွင်း မဟာစည်ဝိပဿနာ(၁၀) ရက်တရားစခန်း ဖွင့်လှစ်မည်

ရေဖြူ ဧပြီ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (က/ခ)ရပ်ကွက်၊ ဓမ္မမာမကကျောင်း၌ ၂၀၂၀ ခုနှစ် မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း သုံးနှစ်တာရပ်နားထားသည့် သင်္ကြန်တွင်း မဟာစည်ဝိပဿနာ (၁၀) ရက်တာ တရားစခန်း ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ‌‌ရေဖြူမြို့၊ ဓမ္မမာမကကျောင်း၏ ဂေါပကအဖွဲ့ဝင်များထံက သိရသည်။

အဆိုပါတရားစခန်းဖွင့်လှစ်ရာတွင် ၂၀၁၉ ခုနှစ်တွင် (၁၇)ကြိမ်မြောက်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် (၃)နှစ်တာ ရပ်နားထားရာမှ ယခု ၂၀၂၃ ခုနှစ် သင်္ကြန်ကာလ ဧပြီ (၆) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၁၈) ကြိမ်မြောက် မဟာစည်ဝိပဿနာ  (၁၀) ရက်တာ တရားစခန်းကို ဓမ္မမာမကကျောင်း ဆရာတော်ဦးဝေပုလ္လ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ရာ တရားစခန်းဝင်လိုသူ ရဟန်းရှင်လူယောဂီများအနေဖြင့် ဂေါပကအဖွဲ့တွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ခတ္တာ