မြို့သစ် အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသက်နှစ်လမှတစ်နှစ်ခွဲအထိ ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆုံဆို့-မေးခိုင် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက ဘုရားကြီးရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် အသက်နှစ်လမှတစ်နှစ်ခွဲအထိကလေးများ အတွက် ပြင်းထန်တီဗီကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို အစက်ချ ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ထိုးဆေး၊ ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေး၊ ဂျပန်ဉီးနှောက်ရောင်ကာကွယ်ဆေးများ
ကို ကလေးများ၏ အသက်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးပေးပြီး ကိုယ်ဝန်ဆောင်မိခင်များ အတွက်လည်း ဆုံဆို့-မေးခိုင်ကာကွယ်ဆေးကို အမျိုးသမီးကျန်းမာရေးဆရာမများကထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိပြီး မြို့ပေါ် ရပ်ကွက် (၅)ရပ်ကွက်နှင့်ယင်းနားကုန်းကျေးရွာတို့ရှိ အသက်နှစ်လမှတစ်နှစ်ခွဲအထိကလေး ငယ် (၉၆ )ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၁၂) ဦးအား တစ်နာရီလျှင် (၁၀)ဦးနှုန်းဖြင့် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)