ဘောလခဲ ဧပြီ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးပို့လာသော စားသောက်ကုန်(၄)မျိုးကို ယာယီနေရပ်စွန့်ခွာပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းလာသော စားသောက်ကုန်(၄)မျိုးအား ယာယီနေရပ်စွန့်ခွာ ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင့်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ အဖွဲ့ဝင်(၂)ဦး စောဧလိယာပေါ၊ အဖွဲ့ဝင်(၃)ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနမှူး ဦးသက်ခိုင်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက နေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက် စားသောက်ကုန်ပစ္စည်း(၄)မျိုးကို ပေးအပ် ခဲ့ကြသည်။
အဆိုပါစားသောက်ကုန်ပစ္စည်း(၄)မျိုးအား ထောက်ပံ့ပေးအပ်ရာတွင် နေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ရွှေရင်အေးဆန်(၃)ပြည်၊ အိမ်ထောင်တစ်စုလျှင် ဆီ(၅၀)ကျပ်သား၊ ကုလားပဲ တစ်ပိဿာ၊ ဆားအစိတ်သား(၁)ထုပ်စီ ထောက်ပံ့ပေးအပ်ကာ၊ ဘောလခဲမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ အိမ်ထောင်စု(၁၀၃)စု လူဦးရေကျား(၁၉၈)ဦး၊ မ(၂၂၂)ဦး၊ စုစုပေါင်း(၄၂၀)ဦးအတွက် ဆန်(၁၂၆၀)ပြည်၊ ဆီ(၅၁၅)ပိဿာ၊ ကုလားပဲ(၁၀၃)ပိဿာနှင့် ဆား(၂၅ ၇၅)ပိဿာ၊ စုစုပေါင်း ထောက်ပံ့ပစ္စည်းငွေတန်ဖိုးမှာ (၉၈၁၂၀၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)