ပန်းတောင်းမြို့နယ်၌ အထူးရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းခွင် သင်တန်းဖွင့်ပွဲကျင်းပ

ပန်းတောင်း အောက်တိုဘာ ၂


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်များ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ပန်းတောင်း မြို့နယ်အတွင်းရှိ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၄၉)ဦးအား ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ် ခတ္ထိယ ကျေးရွာ အ.မ.က (လွန်)ကျောင်းနှင့် တမာကုန်းကျေးရွာ အ.မ.က (လွန်)ကျောင်းတို့၌ နှစ်နေရာခွဲ၍ သင်တန်းဖွင့်လှစ်ပေး ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောမြင့်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်ရေး ရွေးကောက်ပွဲကာလအတွင်း မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ရန် အထူးရဲများ ခန့်ထားရခြင်းဖြစ် ကြောင်းနှင့် အထူးရဲများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ သိသင့်သိထိုက်သည့် အတွက်များနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို လိုက်နာ ဆောင်ရွက်နိုင်ရန် သင်တန်းဖွင့် လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ  သင်တန်းတွင် မြို့နယ်အတွင်း မဲရုံများတွင် အထူးရဲတာဝန် ဆောင်ရွက်မည့် သင်တန်းသား (၄၉) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ (၁)ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်နေ့ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သင်းသင်းအေး (ပြန်/ဆက်)