သာယာဝတီမြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုး ရောင်းချသည့်မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ

သာယာဝတီ ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဖိုးခေါင်ကျေးရွာနှင့် စံရွေးကျေးရွာရှိ တောင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

သီးနှံမျိုးစုံစိုက်ပျိုးရာမှာ “မြေ(၄)ဧကအပေါ်မှာ စိုက်ထားတဲ့ သီးနှံတွေကတော့ ဆလပ်တွန့်၊ တာချီဆန်၊ အိုးမုံညှင်း၊ ဆူးပန်း၊ နံနံ၊ ချဉ်ပေါင်၊ ပင်စိမ်း၊ ၊ ကန်စွန်း၊ ချဥ်ပေါင်၊ ကြက်သွန်မိတ်၊ ခရမ်း၊ မုံလာဥ ၊ မုန်ညှင်းခါး၊ ဗူး၊ ဆူးပုတ်ကြီး၊ စပါးလင်စတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးရောင်းချ ပါတယ်၊ စိုက်ပျိုးတဲ့အခါမှာ လည်း ဓာတုဓာတ်ကြွင်းကင်းလွတ်စေဖို့ Superဘိုကာရှီ၊ EMဘိုကာရှီ သဘာဝ မြေဆွေးမြေဩဇာ၊ ငါးအမိုင်နိုအက်စစ် သဘာဝအပင်အားတိုးဆေး၊  သဘာဝ ဆေးရွက်ကြီး၊ သဘာဝငရုပ်သီး ၊ EM-5 သဘာဝမှိုဆေးတွေ ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲကြောင်း” စံရွေးကျေးရွာမှတောင်သူ ဦးဇော်ဝင်းက ပြောသည်။

သီးနှံရောင်းချရာတွင် သာယာဝတီမြို့နယ် မြို့မစျေးနှင့် သုံးဆယ်မြို့ဈေးတို့တွင် ကုန်စိမ်းအရောင်းခန်း(၂)ခန်းနှင့် နေ့စဉ်ရောင်းချကြောင်း၊ တစ်နိုင်တစ်ပိုင် နယ်လှည့်၍လည်းရောင်းချသည့် ဈေးသည်များကိုလည်း ရောင်းချကြောင်း၊ ရောင်းချရာတွင် နယ်လှည့်ဈေးသည်များ အမြတ်များရရှိစေရေး ကုန်ပစ္စည်းအပေါ်မူတည်၍ ရောင်းချပေးလျက်ရှိသောကြောင့် မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)