ထန်းတပင် (ပဲခူး) အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁ )နှစ်ခွဲ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွ အချိန်က ကျန်းမာရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်ပေါ် စေရန် အတွက် ကလေးငယ်များအား အလှည့်ကျ ဆေးထိုး ဆေးတိုက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးထိုး ဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ် များအား အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ ၊ ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊အသည်းရောင် အသားဝါဘီ ဦးနှောက်အမှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး ပြင်းထန်အဆုပ်ရောင် ဝက်သက် ဂျိုက်သိုး ရောဂါကာ ကွယ်ဆေးစသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယိုအကြောသေရောဂါကာကွယ် ဆေးတိုက်ကျွေးခြင်း ကိုယ်ဝန် ဆောင်မိခင်များအား မေးခိုင် ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြာင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)