ပေါင်းတည်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပေါင်းတည် ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ သာသနာ့ဗိမာန်တော်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရပထမပြန်စာမေးပွဲ၌ အထူးကြီးကြပ်တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာတော်ကြီးများနှင့် စာဖြေသံဃာများအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စိတ်အေးချမ်းမြေ့စွာဖြင့် ဆွမ်းကွမ်းပြည့်စုံစွာ သတ္တမမြောက်နေ့ အစိုးရပထမပြန်စာမေးပွဲကို ဖြေဆိုနိုင်ရေးအတွက် ပံ့ပိုးကူညီဖြည့်ဆည်းသောအားဖြင့် ယနေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ၂၀၂၃ ခုနှစ် အစိုးရပထမပြန် စာစစ်ဌာန၌ ပထမကြီးတန်းတွင် ရဟန်း ၂ ပါး၊ ပထမငယ်တန်းတွင် သာမဏေ ၈ ပါး၊ အခြေပြု မူလတန်းတွင် ရဟန်း ၁ ပါးနှင့် သာမဏေ ၁၉ ပါး စုစုပေါင်း ရဟန်းသာမဏေ ၃၀ ပါး ဝင်ရောက် ဖြေဆိုတော်မူလျက်ရှိရာ ယနေ့နောက်ဆုံးနေ့တွင် ဘာသာပြန်ဘာသာရပ်ကို ဖြေဆိုကြကြောင်း မြို့နယ်သာသာနာရေးအဖွဲ့မှ သိရသည်။

သူရကြီး(ပြန်/ဆက်)