ပေါက်ခေါင်း အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်က ပေါက်ခေါင်းမြို့ အထက(ပေါက်ခေါင်း) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်စိုးက အထူးရဲသင်တန်း ဖွင့်လှစ်ပို့ချရ ခြင်း၏ ရည်ရွယ်ချက်၊ တာဝန်နှင့်ဝတ္တရားများ၊ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ရွေးကောက်ပွဲကာလ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် မဲရုံပေါင်း ၂၁၂ ရုံရှိပြီး အဆိုပါမဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် အထူးရဲ ၂၁၂ ဦးကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့မှ သင်တန်းနည်းပြ များက လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)