အောင်လံ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် တဇန်းကျေးရွာအုပ်စု၊ တဇန်းကျေးရွာနှင့် ပိန်းအင်းကျေးရွာအုပ်စု၊ ကျွဲခေါင်းကျေးရွာတို့တွင် ဧပြီလ ၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၁)ဦးတို့အတွက် ထောက်ပံ့ပေးမှုကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်ပြည်သူများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ ဆန်ဖိုး(၇)ရက်စာ၊ အိမ်ဆောင်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား အိမ်ထောင်ဦးစီးများထံသို့ လွှဲအပ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)