အောင်လံမြို့နယ်၌ ၁၃၈၄ ခုနှစ် ပါဠိပထမပြန်စာပေးပွဲ၊ စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲ အခမ်းအနားကျင်းပ

အောင်လံ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ အောင်လံမြို့နယ်၌ ၁၃၈၄ ခုနှစ် ပါဠိပထမပြန်စာပေးပွဲ၊ စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲ အခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ အ.ထ.က(၁) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အရှင်ဇောတိက ဝိနယဝိဒူမှ ငါးပါးသီလနှင့် ဩဝါဒကထားချီးမြှင့်၍ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက သာသနာရေးဆိုင်ရာလျှောက်ထားခဲ့သည်။ ထို့နောက် ကြီးကြပ်ရေးဆရာတော်များကို လှူဖွယ်ဝတ္ထုများဆက်ကပ်ခြင်းနှင့် စာအောင်သံဃာတော်(၃၁)ပါးအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့သည်။

ဆက်လက်၍(၁၃၈၄)ခုနှစ် ပါဠိပထမပြန်စာမေးပွဲကျင်းပဆောင်ရွက်မှုတွင် ဆွမ်း၊ ကွမ်း၊ အချိုရည်၊ ရေသန့်၊ စာအောင်ဆုနှင့် ဝေယျဝစ္စကုသိုလ်များအတွက် အလှူငွေများနှင့် လှူဖွယ်ဝတ္ထုများအားလှူဒါန်းသည့် မြတ်ဗုဒ္ဓ၏ သာသနာတော်အား စောင့်ရှောက်တော်မူသော စေတနာရှင် ဒါယကာ၊ ဒါယိကာမများအား မှတ်တမ်းတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး လှူဒါန်းမှုအစုစုအား လှူဒါန်းမှုအစုစုအား ရေစက်သွန်းချအမျှဝေ၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)