ပခုက္ကူ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ပြည်ထဲရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉နာရီခွဲအချိန်က ဘုန်းတော်ကြီးကျောင်းများထံ ဆန်ကြာဆံများဆက်ကပ်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်းများက ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သီရိခေတ္တရာကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆန်ကြာဆံ အိတ်(၈)အိတ်ကို သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆန်ကြာဆံနှင့် ပဲဆီများ ဆက်ကပ်လှူဒါန်းခြင်းကို လစဉ်အလှည့်ကျ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
ဘာမီသာ(ပခုက္ကူ)