ဖြူး ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာပေါင်း(၃၀၀)ကျော်တွင် ကျေးရွာ (၁၅၀)ကျော်သာ လျှပ်စစ်မီးရရှိပြီး လျှပ်စစ်မီးရရှိပါက အသေးစားလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်ရေး မြို့နယ်လျှပ်စစ်ဌာနနှင့် ကျေးရွာပူးပေါင်း၍ ဖြူးမြို့နယ်၊ ကျားသောင်ကျေးရွာ အုပ်စု၊ တောင်တောကျေးရွာတွင် NEP Phase-II အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ ဧပြီလ(၃)ရက်နေ့က စတင်လျှပ်စစ်မီးရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် NEP phase ll အစီအစဉ်ဖြင့် ဆောင်ရွက်သော (50 KVA)) ထရန်စဖော်မာ(၁)လုံး၊ 11 KV လိုင်း(၂၃၀၀)ပေ တည်ဆောက်ပြီးစီး၍ မုန်းဖီဒါပေါ်မှ Tap Off ယူ၍ ဘုံမီတာချပေးထားခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ကျေးရွာအရောက် လျှပ်စစ်မီးရရှိရေးဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးထားရာ ယခုအခါတွင် အိမ်ခြေ(၁၈)အိမ် လျှပ်စစ်မီးရရှိသုံးစွဲနေနိုင်ပြီဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)