ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူငွေများလာရောက်လှူဒါန်း

ဝေါ အောက်တိုဘာ  ၂


ဝေါမြို့နယ်တွင် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူငွေများလာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။


ယခုအခါ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဦးညီညီအောင်+ဒေါ်ရီရီထိုက်(တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)၊ ပုဂံကျေးရွာ၊ ဝေါမြို့နယ်မှ(၁)သိန်းကျပ်နှင့် မြင့်မိုရ်ဧဝရတ် CO.,LTD၊ ရန်ကုန်မှ ဝေါမြို့နယ်ကျန်းမာ
ရေးဌာနတွင်လိုအပ်ချက်ရှိ သည့်နေရာတွင်အသုံးပြုရန်အတွက်-(၃)သိန်းကျပ်အားအလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင် က လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။


အောင်မြတ်လင်း (ပြန်/ဆက်)