ကလေးမြို့နယ် စုပေါင်းရုံးတွင် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံပေး

 ကလေး ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်စုပေါင်းရုံးတွင် နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ 

ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးရာတွင် အသက်(၂)လအရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပိုလီယို(ပထမ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)(ပထမ)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)(ပထမ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)ကိုလည်းကောင်း၊ အသက်(၄)လအရွယ် ကလေးငယ်များကို ပိုလီယို(ဒုတိယ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)(ဒုတိယ)၊ ပိုလီယိုထိုးဆေး၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (ဒုတိယ) ကိုလည်းကောင်း၊ အသက်(၆)လအရွယ် ကလေးငယ်များကို ပိုလီယို(တတိယ)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ) (တတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (တတိယ)ကို လည်းကောင်း၊ အသက် (၉)လအရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ပထမ)၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် အသက်(၁)နှစ်ခွဲ ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) (စတုတ္ထ) စသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးသွားမည် ဖြစ်‌ကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို မြို့နယ်စုပေါင်းရုံးတွင် အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင်လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို အပတ်စဉ် သောကြာနေ့တိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး (နေသာကျောင်းရှေ့)တွင်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)