စုကလိ ဧပြီ ၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ရာသီပေါ်သီးနှံတစ်ခုဖြစ်သည့် ဒန့်သလွန်သီးများ ယခုနှစ်တွင်ပေါများစွာ ထွက်ရှိပြီး စျေးကောင်းရရှိလျက်ရှိသည်။ ဒန့်သလွန်သီးများသည် ယခင်နှစ်ထက် ပိုမိုအထွက်ကောင်းလာပြီး ရောင်းချရာတွင် ၅ ထောင့်ပါ တစ်စည်းလျှင် ထိုင်းဘတ်ငွေ ၅ ဘတ်ပေးရပြီး မြဝတီမြို့သို့ တင်ပို့ရောင်းချပေးလျက်ရှိသည်။
စုကလိမြို့သည် ရေခံမြေခံကောင်းမွန်သောကြောင့် ရာသီစာများ အောင်မြင်ဖြစ်ထွန်းသည့်အပြင် အစေ့ထုတ်ပြောင်းများ၊ တောင်ယာစပါးခေါ် ဘူးနက်ကြားစပါးများ၊ တောင်ယာငရုပ်သီးများ၊ ဒေသထွက်သီးနှံများ ပေါများစွာထွက်ရှိပြီး ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေသော မြို့ဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်