သဲကုန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကပ်ထားကြေညာ

သဲကုန်း အောက်တိုဘာ ၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်းကို ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များ၌ ကပ်ထားကြေညာထားကြောင်း သိရ သည်။
အဆိုပါ မဲဆန္ဒရှင်များစာရင်းကို အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၁၄)ရက်နေ့ အထိ ကပ်ထား ကြေညာသွားမည်ဖြစ်ပြီး သဲကုန်းမြို့နယ်အတွင်း  ရပ်ကွက်/ကျေးရွာအုပ်စု (၆၃)အုပ်စုတွင် မဲရုံပေါင်း (၁၉၆)ရုံရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် ကပ်ထား ကြေညာချက်အရ(၁၀၇၂၅၆)ဦး ရှိကြောင်း     သိရသည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့်ပါတီ(၅)ခု ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၈)ဦးရှိကြောင်း သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)