မိုးညိုမြို့နယ်တွင် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ် စတင်ဆောက်လုပ်

မိုးညို ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မဟာသင်္ကြန်စည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်းကို မိုးညိုမြို့၊ ရွှေဥဒေါင်း ရပ်ကွက်နှင့် ဇောတိကရပ်ကွက်အကြားရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် ယမန်နေ့က စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟို‌ရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ (မဏ္ဍပ် ဆောက်လုပ်ရေးအဖွဲ့)၊ ရပ်ကွက်များမှ ဝိုင်းဝန်းကူညီသူများဖြင့် ဆောက်လုပ်လျက်ရှိသည်။

မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲနှင့် ကြိုဆိုနေရာချထားရေး၊ ဗဟိုမဏ္ဍပ် တည်ဆောက်ရေးနှင့် အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ ကျွေးမွေးဧည့်ခံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)