တနင်္သာရီ ဧပြီ ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု-လယ်တောင်ယာရွာအနီး မြိတ်-ကော့သောင်းလမ်းပေါ်တွင် ဧပြီလ ၁ရက်နေ့ ည၈နာရီခန့်က ရန်ကုန်-ကော့သောင်းမြို့သို့ ပြေးဆွဲနေသည့် မြတ်မန္တလာထွန်း Express ခရီးသည်မော်တော်ယာဉ်ကို PDFအကြမ်းဘက်အဖွဲ့မှ ပစ်ခတ်မှုကြောင့် အသက်(၆)နှစ်အရွယ် ကလေးမတစ်ဦးနှင့် အသက် (၄၀) အရွယ်အမျိုးသမီး သေဆုံးခဲ့ပြီးသံဃာတော် (၂) ပါးနှင့်ယာဉ်မောင်းအပါအဝင် အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ သေဆုံးသူ၏အုပ်ထိန်းသူနှင့် ထိခိုက်ဒဏ်ရာရသူများ၊ ကျန်ခရီးသည်များအား အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်တို့သည် ယမန်နေ့နေ့လည်ပိုင်းအချိန်က တနင်္သာရီမြို့-သံဃာ့ ဆေးရုံအတွင်း ဆေးကုသမှုခံယူနေသည့် သံဃာတော်များအားဖူးမျှော်၍ အားပေးစကားပြော ကြားပြီး တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့ငွေဖြင့် သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင်(၃သိန်း) ကျပ်စီဖြင့်လည်းကောင်း၊ ဒဏ်ရာရရှိခဲ့သည့်သံဃာတော် (၂) ပါးအတွက် တစ်ပါးလျှင် (တစ်သိန်း) ကျပ်နှုန်းနှင့်ကျန်သံဃာတော်(၂)ပါးအတွက် တစ်ပါးလျှင် (၅၀၀၀၀) ကျပ်စီဖြင့်လည်းကောင်း ဆက်ကပ်ထောက်ပံ့ပေးအပ်ကာ ခရီးသည်များလိုရာခရီးသို့ သွားရောက်နိုင်ရေးအတွက် မြတ်မန္တလာထွန်း မော်တော်ယာဉ်လိုင်းဖြင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)