စလင်း ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ငါးလင်ပန်းကျေးရွာတွင် နေ့စဥ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် မေမြို့ပန်းစိုက်ပျိုး ရောင်းချသည့် ဒေါ်စန်းစန်းတင့် စိုက်ပျိုးထားသော မေမြို့ပန်းခင်းအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဥ်ဆွတ်ခူးရောင်းချသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ တောင်သူအများစုသည် ရာသီအလိုက် စပါး၊ ပဲ၊ ပြောင်းနှင့် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ မေမြို့ပန်းအား အောက်လှိုင်းကျေးရွာမှ တောင်သူအများဆုံး စိုက်ပျိုးရောင်းချလျက်ရှိပြီး ယခုစိုက်ပျိုးရောင်းချသူ အောက်လှိုင်းကျေးရွာအုပ်စု ငါးလင်းပန်းကျေးရွာမှ တောင်သူဒေါ်စန်းစန်းတင့်သည် ယခုနှစ်မှ စတင်စိုက်ပျိုးခဲ့ပြီး အနီးအနားရှိ တောင်သူများအချင်းချင်း စိုက်ပျိုးနည်းစနစ်များကို အတုယူ၍ စိုက်ပျိုးခဲ့ရာ ဇန်နဝါရီလအတွင်းက စိုက်ပျိုးခဲ့သည်ဟုသိရှိရပြီး မေမြို့ပန်းပင်များ စိုက်ပျိုးရာတွင် အပင်များသန်မာ၍ အကိုင်းအခက်များ ဝေဝေဆာဆာပွင့်နိုင်မှု၊ ဖြာထွက်မှုကောင်းမွန်စေရန်အတွက် ရှေးဦးစွာ သဘာဝမြေသြဇာ အဖြစ် နွားချေးများနှင့် မြေသားအားပြုပြင်ပြီး ပန်းပင်အမျိုးအစားနှင့် မြေအမျိုးအစားကိုလိုက်၍ ပန်းပင်စိုက်ပျိုးရန် မြေသားဘောင်များပြုလုပ်၍ စတင်စိုက်ပျိုးရကြောင်းနှင့် ပန်းများပွင့်ဖူးထွက်ရှိလာသည့် အခါများတွင်လည်း လှပ၍လူကြိုက်များစေရန် မြေအောက်ရေကိုအသုံးပြု၍ ရေများဖျန်းခြင်း စနစ်နှင့် အောက်ခြေပင်စည်အထိ ရေရရှိရန် ရေသွင်းစနစ်ဖြင့်စိုက်ပျိုးပြီး အပင်တစ်ပင်လုံးကို ရေရရှိ၍ အရွက်များ၊ အကိုင်းများအမြဲစိမ်းလန်းကာ ရောင်းချရာတွင် လူကြိုက်များသဖြင့် စိုက်ပျိုးရခြင်းဖြစ်ပြီး မေမြို့ပန်းတွင် စံပယ်အဖြူ၊ အဝါ၊ ခရမ်း စသည့် ပန်းမျိုးကွဲအရောင်ကွဲများစွာ ရှိကြောင်းနှင့် လက်တစ်ဆုတ်စာကို (၁၀၀၀) ကျပ်ဖြင့် ရောင်းချရပြီး ယခုအခါတစ်နေ့ကို (၃၅၀၀၀) ကျပ်မှ (၅၀၀၀၀) ကျပ်အထိ နေ့စဥ်စိုက်ခင်းသို့ လာရောက်၍ ဖောက်သယ်အဖြစ်ပေးကာ ရောင်းချရ၍ ယနေ့အထိ (၄၅၀၀၀၀) ကျပ် ပန်းဖိုးရရှိပြီးဖြစ်သည်။ မေမြို့ပန်းစိုက်ခင်းတစ်ရာသီ စာလုံးအနည်းဆုံး (၁၅) သိန်းခန့်ရရှိမည်ဟု ခန့်မှန်းရကြောင်းနှင့် ပန်းစိုက်တောင်သူ ဒေါ်စန်းစန်းတင့် ငါးလင်ပန်းကျေးရွာမှနေ့စဥ်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်