ဇလွန် ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြိုနယ်စာရေးဆရာအသင်းနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ စာပေဆွေးနွေးပွဲကို ဧပြီ ၂ လ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာပေဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မောင်ပြေငြိမ်း(ဇလွန်)က မြန်မာ့ရိုးရာသင်္ကြန်ဖြစ်တည်လာပုံနှင့် ရိုးရာမပျက်ထိန်းသိမ်းရန်၊ လူငယ်များမိမိတို့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတွယ်တာထိန်းသိမ်းရမှာဖြစ်ကြောင်း ဘိုးဘွားမိဘမှဆင်းသက်လာသည့်အလျောက် မိမိဘိုးဘွားမိဘများအား ချစ်ခင်စုံမက်သလို ဘိုးဘွားမိဘများ တန်ဖိုးထားမြတ်နိုးခဲ့ကြသော ရိုးရာဓလေ့များကိုထိန်းသိမ်းရမှာ လူငယ်များသာဖြစ်ကြောင်း၊ သင်္ကြန်သည် "အတာ"ကူးပြောင်းခြင်း သင်္ကြန်ဆေးကြောခြင်းများဖြစ်၍ သင်္ကြန်ကိုပျော်ပါးရုံသက်သက်မဟုတ်ပဲ မွန်မြတ်သောရိုးရာဓလေ့ကို အစဉ်ရိုးရာမပျက် ထိန်းသိမ်းရမှဖြစ်ကြောင်းနှင့် နှစ်စဉ်ဝတ်မပျက်ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းရမှာဖြစ်ကြောင်း ဆွေနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော Youth Club အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)