ကူးတို့ဆိပ်ကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ

ဇလွန် ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းလွင်ဦးနှင့် စစ်ကြောင်းကြီးငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများ၊ ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကျေးရွာတွင်း လမ်းတံတားကောင်းမွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျလိုက်နာရေး၊ ကျေးရွာလမ်းများ သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။

ဇလွန် (ပြန်/ဆက်)