ရွှေတောင် အောက်တိုဘာ ၂
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများ လုံခြုံရေး တာဝန်ပေးအပ်နိုင်ရေး အတွက်ရွှေတောင်မြို့နယ်၌ အထူးရဲသင်တန်းဖွင့်ပွဲကို၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ကြာနီကန်ကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာ၌ မကြာမီကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်း ဆောင်ကြမည့်အထူးရဲများ အနေဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့်ရွေးကောက်ပွဲကျင်းပစဉ် ကာလ အတွင်းတာဝန်ကျရာမဲရုံများတွင် ရပ်ကွက်/ ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းပြီးမဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက် ကြရမှာဖြစ်သည့်အတွက်၊ ရဲတပ်ဖွဲ့ဝင်များနည်းတူစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ကြ စေရန် အထူးရဲသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြော သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးနှင့် ဌာနဆိုင်ရာများ၊မြို့နယ် ရွေး ကောက်ပွဲကော် မရှင်အဖွဲ့ခွဲဝင်များနှင့် အထူးရဲသင်တန်းသား (၅၅)ဦးတက်ရောက်ပြီး၊ သင်တန်း ကာလမှာအောက်တိုဘာ (၁)ရက်မှ(၁၄)ရက်နေ့ အထိနှစ်ပတ်သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည်။
ကိုကိုမင်း(ပြန်/ဆက်)