ကရသူရိ အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင် အမည်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတွင် ယနေ့မှစတင်၍ ကပ်ထား ကြေညာ ထားကြောင်းသိရသည်။
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည် စာရင်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲ တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် စာရင်းများတိကျမှန်ကန်မှုရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သူများပုံစံ(၃)ဖြင့်လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့်အမည်စာရင်းပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက် အလက်မှားယွင်းမှု များကို ပုံစံ(၄−ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်ရေးအတွက် ရပ်ကွက်အတွင်း နေအိမ်များသို့ ပြန်လည်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးဝင်း(ပြန်/ဆက်)