ညောင်တုန်းမြို့နယ်တွင် ခွေရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေး

ညောင်တုန်း ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခွေရူးရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က အမှတ် (၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အခမဲ့ထိုးနှံပေးခဲ့သည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြတ်ပွင့်ဖြူနှင့် ဝန်ထမ်းများက ခွေးရူးရောဂါကြိုတင်ကာကွယ် ရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်မွေးတိရစ္ဆာန် (ခွေး၊ကြောင်)များကို အခမဲ့ ထိုးနှံပေးခဲ့ပြီး ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ တိရစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ သတိထားလိုက်နာရမည့် အချက်များကို အသိပညာပေးပြောကြား၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)