သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေပြေလည်ပြီး ဆပ်ရန်ကျန်ရှိသော တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

သာပေါင်း ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီး ဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးယူပြီး ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန်ရှိသော တောင်သူများမှ တစ်အုပ်စုလျှင် တောင်သူ(၅)ဦးစီ ခေါ်ယူတွေ့ဆုံကြရာ ကျေးရွာအုပ်စု(၁၅)၊ ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန်သော တောင်သူ(၄၄)ဦးတို့ တတ်ရောက်ကြပြီး ၂၀၂၀ ခုနှစ် မိုး၊ ဆောင်း၊ ကိုဗစ် စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန် ကျန်ရှိသော တောင်သူများနှင့်တွေ့ဆုံဆွေးနွေးရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမအရစ်၊ မတ်လတွင် ဒုတိယအရစ် ပေးဆပ်မည်ဖြစ်ကြောင်း အပြေအကြေပေးဆပ်ရန် တောင်သူများက သဘောတူလက်ခံသဖြင့် ကျေးရွာအုပ်စု(၁၅)အုပ်စု၊ တောင်သူ(၄၄)ဦးမှ တောင်သူများ ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြပြီး စိုက်ပျိုးစရိတ် ချေးငွေပေးဆပ်ရန် ကျန်ရှိသော တောင်သူများထဲမှ (၆)ဦးတို့က စိုက်ပျိုးစရိတ်ချေးငွေ(၉၇)သိန်းအား အပြေအကြေ ပေးဆပ်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း