လွိုင်ကော်မြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်

လွိုင်ကော် ဧပြီ  ၂

ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိ ပညာပေး ဆွေးနွေးခြင်းကို ပြုလုပ်ကျင်းပရာ ကယားပြည်နယ် မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ် လူမှုရေးရာဝန်ကြီး၊ ဌာဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်လှိုင်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းကို လည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်မှ ပရိတအသင်းအဖွဲ့များအပေါ် စည်းမျဉ်းကြီးကြပ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြခဲ့ သည်။

ထို့နောက်တင်ပြချက်များနှင့်ပတ်သက်ပြီး တက်ရောက်လာကြသည့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူတို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)