ကျွန်းလှ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာစေရန်အတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခြင်း ဆောင်ရွက်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိးကြွင်း၊ မီးကျန်များငြှိမ်းသတ်ကြရန်၊ ဘုရားမီးပူဇော်ပါက စနစ်တကျ ပူဇော်ကြရန်၊ လူနေအိမ်များအတွင်း လောင်စာဆီများ သိုလှောင်ခြင်းမပြုကြရန်၊ အမှိုက်မီးရှို့ပါက လူစောင့်ထားရှို့ကြရန်၊ ဟောင်းနွမ်းပျက်စီးနေသော လျှပ်စစ်မီးကြိုးနှင့် ပစ္စည်းများ အသုံးမပြုကြရန်၊ အုတ်ရေကန်များ ရေဖြည့်ဆည်းထားကြရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ်သတင်းပို့ကြရန်တို့ကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ