စစ်ကိုင်း ဧပြီ ၂
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးက အမှာစကားပြောကြားရာ သက်ဆိုင်ရာဌာနအနေဖြင့် ရပ်ကွက်နေပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်အတွက် သင်တန်းဖွင့်လှစ်ပေးနိုင်တာကို ဝမ်းသာဂုဏ်ယူပါကြောင်း သင်တန်းသား/ သင်တန်းသူများ အနေဖြင့်လည်း ဒီသင်တန်းကရရှိလာတဲ့ ပညာရပ်တွေကိုအသုံးချပြီး မိမိတို့ရဲ့မိသားစုတစ်ပိုင်တစ် နိုင်လုပ်ငန်းများ အကောင်အထည်ဖော် လက်တွေ့ဆောင်ရွက်သွားကြပါလို့ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ သည် အောင်မြင်တဲ့ လုပ်ငန်းရှင်များ ဖြစ်အောင်လည်း ဆက်လက်ကြိုးစားသွားကြပါလို့ စသည်ဖြင့် ဆွေးနွေးပြောကြားကာ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းမှရရှိလာသည့် ထုတ်ကုန်ပစ္စည်းများကိုပေးအပ်ရာ သင်တန်းသားများက လက်ခံပေးခဲ့သည်။
အဆိုပါသင်တန်းကို (၅)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးပြီး သင်တန်းသား/သင် တန်းသူ(၂၀)ဦး တက်ရောက်ကြကာ စစ်ကိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုလိုသင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်