မြို့သစ် အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာအုပ်စုတွင် အသက်(၈၀)နှစ်ပြည့် ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ကာလအတွင်း ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းက ဘိုး ဘွားများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့နယ် ၊ ပုတီးကုန်းကျေးရွာအုပ်စုတွင် ပုတီးကုန်း ၊ သီးကုန်း ၊ ရေကြည်ပင် ၊ ဝန်ချီ စုစုပေါင်း ကျေးရွာ (၄)ရွာရှိပြီး အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွား (၄၁)ဦးရှိရာ ဘိုးဘွားတစ်ဦးလျှင် ( ၃၀၀၀၀/- )ဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ( ၁,၂၃၀,၀၀၀/-)တိ တိအား ပုတီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းက အိမ်တိုင်ရာရောက် ဘိုးဘွားများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန် /ဆက်)