ပန်းတနော်၊ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်စီစီက သင်တန်းဆင်း အမှာစကား ပြောကြားပြီး အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေပွဲတွင် သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားပို့ချခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကာ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဆရာ/မများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)