ကေ့ာကရိတ် ဧပြီ ၁
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ပြည်သူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က (Talk Show) ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ ကေ့ာကရိတ်ခရိုင် အမှတ်(၇၁) ယာဥ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူး ကျော်လင်းဦး ကယာဥ်များ မောင်းနှင်ရာတွင် အသက်(၁၈)နှစ်ပြည့်နှင့် ယာဥ်မောင်းလိုင်စင်ပြုလုပ်၍ မောင်းနှင်ကြရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အမှတ်အသားများ မော်တော်ဆိုင်ကယ် /မော်တော်ယာဥ် မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ၊ ယာဥ်အန္တရာယ်ကင်းရှင်းရန်၊ ယာဥ်တိုက်မှုများ လျော့နည်း ပပျောက်ရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ နည်းဥပေဒပုဒ်မများ၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ် ဦးထုပ်ဆောင်း၍ မောင်းနှင်စီးနှင်းရေး စသည်တို့ကို ရှင်းလင်းဆွေး နွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)