ငရုတ်ကောင်း ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ငရုတ်ကောင်း/ဂျော်ရန်ဂျီကျွန်းဆက်သွယ်သော ချောင်းဝတံတားစီမံကိန်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြီးနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများအား နွေးထွေးစွာ လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ငရုတ်ကောင်းမြို့ တိုက်နယ်ဆေးရုံသို့ အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)