ကသာ ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ မွေးကင်းစကလေးမှစ၍ (၂)နှစ်အောက် ကလေးငယ်များကို ငါးမျိုးစပ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသူအန်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကသာမြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်များမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းစကလေးမှစ၍ (၂)နှစ်အောက် ကလေးငယ်များကို ပိုလီယိုကာကွယ်ဆေး၊ မေခိုင် ကာကွယ်ဆေး၊ ဆုံဆိုနာရောဂါကာကွယ်ဆေး၊ ကြက်ညာရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့တော်ခန်းမတွင်လည်းကောင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနတွင် လည်းကောင်း၊ ရပ်ကွက်(၅)တို့တွင်လည်းကောင်း အုပ်စုသုံးစုခွဲ၍ ထိုးနှံပေးခဲ့ကြောင်း ခရိုင်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ(ပြန်/ဆက်)