ပန်းတနော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေပေးအပ်

ပန်းတနော် ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် MCCT အစီအစဥ်အရ ၂၀၂၂- ၂၀၂၃ ခုနှစ် မတ်လအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန်နှင့် ကလေးငယ်များ ကျန်းမာရေး ကောင်မွန်ပြီး ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ခုနှစ် မတ်လ (၁)စာအတွက် ကိုယ်ဝန်ဆောင်မိခင် (၂၄၀၅)ဦးနှင့် အသက်(၂)နှစ်အောက်ကလေးငယ် (၁၉၂၇)ဦးတို့အတွက် တစ်ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၄၉၈၀၀၀၀) တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)