ဇလွန် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇလွန်မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၂ -၂၀၂၃ ခု ၊ ဘဏ္ဍာရေးနှစ် မတ်လအတွက် ဇလွန်မြို့နယ်အတွင်းရှိ MCCT အစီအစဥ်တွင် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင် (၁၅၆၀)ဦး ၊ ကလေးသူငယ် ( ၁၂၆၀ )ဦး စုစုပေါင်း(၂၈၂၀) ဦးအတွက် စုစုပေါင်းထောက်ပံ့ကြေးငွေကျပ်သိန်း ( ၄၂၃၀၀၀၀၀ ) အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ရပ် / ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ( ပြန် / ဆက် )