ကမမောင်း ဧပြီ ၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်၊ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်နှင့် ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ်အထက် လူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးကို ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေး Booster Dose ကို ယမန်နေ့နံနက်( ၉)အချိန်က စတင်ထိုးနှံပေးလျက်ရှိပြီး ( ၄၅ )ဦး လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကမမောင်းမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများတို့က ပူးပေါင်း၍ ပြည်သူများကာကွယ်ဆေး ထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)