ကျောက်ကြီးမြို့နယ်၌ နွေရာသီဘင်ခရာနှင့် ပန်းပွားသင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်

ကျောက်ကြီး  ဧပြီ

 ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း သပြေဆောင်ခန်းမတွင် မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြီး ဘင်ခရာနှင့် ပန်းပွားသင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

 အခမ်းအနားတွင်မြို့နယ်ပညာရေးမှူးက မိမိတို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ(၈၀) ဦးအား ဧပြီလ ရက်နေ့မှ ၃၀ ရက်နေ့အထိ နံနက် နာရီမှ နေ့လယ် ၁၂ နာရီအထိ ဘင်ခရာနှင့်ပန်းပွားသင်တန်းအား အခမဲ့သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား ကျောင်းသူများ အားလပ်ရက် များကို မြို့နယ်ကိုယ်စားပြု ယခုလိုသင်တန်းအားဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး ဘင်ခရာသင်တန်းအား သင်ကြားပို့ချပေးမည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး က သင်တန်းသူ သင်တန်းသားများအနေဖြင့်  ရရှိသည့်အချိန်ကို အကျိုးရှိစွာအသုံးချပြီး သင်ကြားပို့ချမှုများကို စနစ်တကျလိုက်နာသင်ယူသွားရန်လိုအပ်ပြီး မြို့နယ် ကိုယ့်စားပြု အဖွဲ့အနေဖြင့် ကြိုးစားသင်ယူရန်လိုကြောင်း၊ မိမိအနေဖြင့်လည်းကျောင်းသားဘဝမှ သင်ကြားလိုက် သည့်ပညာအား လေ့လာလိုက်စားပြီး ကျောင်းတော်ကြီးကို ကျေးဇူးဆပ် သည့်အနေဖြင့် မိမိသိရှိတတ်မြောက်မှုများအား ပြန်လည်မျှဝေသင်ကြားပို့ချပေး သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

 အဆိုပါအခမ်းအနားသို့ မြို့နယ် ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ သင်တန်းသူ သင်တန်းသားများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်