ဟင်္သာတခရိုင်နှင့်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံအားကစားသင်တန်းများဆင်းပွဲ ကျင်းပ

ဟင်္သာတ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာာတခရိုင် ဟင်္သာတမြို့နယ်တွင် ဟင်္သာတခရိုင်နှင့်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံ အားကစား သင်တန်းများ ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နွေရာသီအခြေခံ အားကစားသင်တန်းများသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သူများ ၊နည်းပြဆရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အားကစားနည်းများအလိုက် နည်းပြများအား ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူများမှ နွေရာသီအားကစား အခြေခံသင်တန်းများ ဖြစ်သော မြန်မာ့သိုင်း၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ စားပွဲတင် တင်းနစ်၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ စစ်တုရင်စသည့် အားကစားနည်းမှ သင်တန်းသား များအား သင်တန်းဆင် းလက်မှတ်ချီးမြှင်ခြင်းနှင့် စွမ်းရည်ပြိုင်ပွဲ ထူးချွန်ဂုဏ်ပြုဆု ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဘောလုံး၊ ရိုးရာခြင်းလုံး၊ ဘတ်စကတ်ဘော၊ မြန်မာ့သိုင်းစသည့် အားကစားနည်းများမှ သင်တန်းသားများမှ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာသူများမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုဇော်