မင်းလှ ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခ ရိုင်၊မင်းလှမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင် တန်းဆင်းပွဲအခမ်းအနားကို အ ထ. က မင်းလှ(မြို့တွင်း) ကျောင်း သပြေခန်းမ၌ ယမန်နေ့နေ့လယ် ၃ နာရီချိန်ကပြုလုပ်သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ နှင့် အမှာစကားများ ပြောကြားသည်။
ထို့နောက် သင်တန်းတတ်ရောက်ကြသည့် ဆရာဆရာမများက မြတ်ဆရာ၊ ပန်းကလေးများ၏ ဥယျာဉ်မှူး၊ နောင်အင်းလေး၊တစ်နှစ်နွမ်း တစ်နှစ်ဆန်း၊ ဦးရွှေရိုးနှင့် ဒေါ်မိုး၊ မြနန္ဒာ သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြရာ ဆရာကြီး ဆရာမကြီးများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် မူလတန်းအဆင့်ကျောင်းအုပ်ဆရာကြီး ဆရာမကြီး(၂၅)ဦးက နည်းပြအဖြစ် ဆွေးနွေးပို့ချပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၅၅)ကျောင်းနှင့် ဘ/က(၄)ကျောင်း စုစုပေါင်း(၁၅၉) ကျောင်းမှ မူလတန်းအဆင့်ဆရာ ဆရာမများ(၇၃၂)ဦးတတ်ရောက်ခဲ့ကြောင်း၊သင်တန်းကို အ.ထ.က မင်းလှ(မြို့တွင်း) ကျောင်း၌
မတ်လ(၂၈) ရက်မှ(၃၁) ရက်နေ့ထိ (၄) ရက်ကြာ နံနက်(၉) နာရီမှ ညနေ (၄) ရီချိန်ထိ KG မှ Grade-5 တန်းထိ ဘာသာရပ်များကို ဆွေးနွေးပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)