ကျွန်းလှ ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဝေရိက္ခယ သီလရှင်စာသင်တိုက်သို့ ယနေ့ နံနက် ၇ နာရီက အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ လှူဒါန်းရာတွင် ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ က သီလရှင်စာသင်တိုက်၊ ခြံစည်းရိုး အုတ်တံတိုင်း ကာရံခြင်းအတွက် ငွေကျပ် ၂၄၀၀၀၀ အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းတိုက် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ ဦးဆောင်သော ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းပြီး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ